သုံးပန်​လှ [Thone Pan Hla] lyrics

  2024-10-06 07:27:33

သုံးပန်​လှ [Thone Pan Hla] lyrics

နေ့ညထာဝစဉ်မြဲတယ်

မောင့်စိတ်ထဲမှာကွယ်

ခင်မျက်နှာသာရည်မှန်း

လှမ်းဖို့မြန်းဖို့ရွယ်

ခင့်ရူပါရုံအသည်းဝယ်

စွဲလန်းမိပါတယ်

မောင့်အချစ်ခင်ရယ် တကယ်ပဲ

မမုန်းဘူး ချစ်ပါ့မယ်

သက်လယ် ချစ်ဦးမောင့်သက်လယ်

ဘယ်လမ်းကို မှန်းရွယ်

လိုက်ရပါမယ်

အချစ်ရယ် မောင့်အသည်းစွဲအချစ်ရယ်

နောင်မလွဲပဲဖြင့်တကယ် ချစ်ချစ်ပါ့မယ်

မိုးနတ်မယ် သူဇာနွယ် ရူပါလှတာရယ်

သူငါကျစရာ မူရာပြကာ

ပြုံးလိုက်ရင်ကွယ်

ဖိုးလနယ် တူပါတယ်

ဖြူတာ ဝတာရယ်

မြူကာပကွယ် တူမကွာနှမရယ်

ပေါင်းဖို့သာရွယ်

ခုဘဝရယ် နောက်ဘဝရယ်

ဖြစ်လေရာဘဝမယ်

ငှက်ဖြစ်ရင်ကွယ် ကြက်ဖြစ်ရင်ကွယ်

တစ်ကိုင်းတည်း နားချင်တယ်

အို မောင့်သက်လယ် ယုံပါကွယ်

ရွှေဂဟေဆက်ကာရယ်

ကြင်ကြင်ပါ့မယ် ခင်ခင်နှမရယ်

ချစ်ချစ်ပါကွယ်

မိုးနတ်မယ် သူဇာနွယ် ရူပါလှတာရယ်

သူငါကျစရာ မူရာပြကာ

ပြုံးလိုက်ရင်ကွယ်

ဖိုးလနယ် တူပါတယ်

ဖြူတာ ဝတာရယ်

မြူကာပကွယ် တူမကွာနှမရယ်

ပေါင်းဖို့သာရွယ်

ခုဘဝရယ် နောက်ဘဝရယ်

ဖြစ်လေရာဘဝမယ်

ငှက်ဖြစ်ရင်ကွယ် ကြက်ဖြစ်ရင်ကွယ်

တစ်ကိုင်းတည်း နားချင်တယ်

အို မောင့်သက်လယ် ယုံပါကွယ်

ရွှေဂဟေဆက်ကာရယ်

ကြင်ကြင်ပါ့မယ် ခင်ခင်နှမရယ်

ချစ်ချစ်ပါကွယ်

ချစ်စရာမေရယ် ခုံးမျက်စမယ်

သုံးရက်လနှယ် ပြောလောက်ပေတယ်

ရှစ်ကမ္ဘာမြေရယ် ပြုံးပျက်တော့ကွယ်

ဖုန်းမောင့်သက်လယ် မမုန်းရက်ပါကွယ်

ခင့်နူတ်ဖျားကလေးမယ်

တွေးတွေးပြီးဆွေးဖွယ်

ချစ်ချစ်ဖို့စကားရယ်

ပြောလိုက်ပြန်တယ်

သုံးပန်လှသက်လယ်

အသားကလေးက ဝင်းတယ်

ပတ္တမြားအသွေးနဲ့အဆင်းရယ်

စွဲစွဲပေါ့ကွယ်

မိုးနတ်မယ် သူဇာနွယ် ရူပါလှတာရယ်

သူငါကျစရာ မူရာပြကာ

ပြုံးလိုက်ရင်ကွယ်

ဖိုးလနယ် တူပါတယ်

ဖြူတာ ဝတာရယ်

မြူကာပကွယ် တူမကွာနှမရယ်

ပေါင်းဖို့သာရွယ်

ခုဘဝရယ် နောက်ဘဝရယ်

ဖြစ်လေရာဘဝမယ်

ငှက်ဖြစ်ရင်ကွယ် ကြက်ဖြစ်ရင်ကွယ်

တစ်ကိုင်းတည်း နားချင်တယ်

အို မောင့်သက်လယ် ယုံပါကွယ်

ရွှေဂဟေဆက်ကာရယ်

ကြင်ကြင်ပါ့မယ် ခင်ခင်နှမရယ်

ချစ်ချစ်ပါကွယ်

မိုးနတ်မယ် သူဇာနွယ် ရူပါလှတာရယ်

သူငါကျစရာ မူရာပြကာ

ပြုံးလိုက်ရင်ကွယ်

ဖိုးလနယ် တူပါတယ်

ဖြူတာ ဝတာရယ်

မြူကာပကွယ် တူမကွာနှမရယ်

ပေါင်းဖို့သာရွယ်

အခုဘဝရယ် နောက်ဘဝရယ်

ဖြစ်လေရာဘဝမယ်

ငှက်ဖြစ်ရင်ကွယ် ကြက်ဖြစ်ရင်ကွယ်

တစ်ကိုင်းတည်း နားချင်တယ်

အို မောင့်သက်လယ် ယုံပါကွယ်

ရွှေဂဟေဆက်ကာရယ်

ကြင်ကြင်ပါ့မယ် ခင်ခင်နှမရယ်

ချစ်ချစ်ပါကွယ်

See more
Sai Htee Saing more
  • country:Myanmar (Burma)
  • Languages:Burmese
  • Genre:Pop
  • Official site:
  • Wiki:https://en.wikipedia.org/wiki/Sai_Htee_Saing
Sai Htee Saing Lyrics more
Excellent recommendation
Popular
Copyright 2023-2024 - www.lyricf.com All Rights Reserved