Why Not Me? [Burmese translation]

Songs   2024-05-01 07:34:07

Why Not Me? [Burmese translation]

မင်းမပါပဲ ညတွေကို ကျော်ဖြတ်နေရတယ်

နံရံပေါ်က ပုံရိပ်များနဲ့အတူပေါ့

ငါ့ရဲ့စိတ်က မပြိုလဲကျအောင်ထိန်းရင်း ခြေဦးတည့်ရာလျှောက်ပြေးနေတော့တယ်

မင်းငါ့ကို ချစ်တယ်လို့ပြောခဲ့ပေမယ့် သူငယ်ချင်းတစ်ယောက်လိုပဲလို့ ပြောခဲ့တယ်

ငါ့နှလုံးသားဟာ အစိတ်စိတ်အမွှာမွှာကွဲကျေသွားပါပြီ

ဘာကြောင့်လဲဆိုတော့ ငါ့ရဲ့ဝိဥာဉ်ဟာ အချစ်စစ်နဲ့ အထီးကျန်မှုတို့ကြားမှာ ပိတ်မိနေပြီး ဘယ်တော့မှ မလွတ်မြောက်နိုင်တော့ဘူးဆိုတာ သိလိုက်လို့ပါပဲ

ငါ့မျက်လုံးတွေကို မှိတ်လိုက်တဲ့အချိန်မှာ

အကြီးကျယ်ဆုံးဇာတ်လမ်းလေးတစ်ခုကြားရတယ်

ငါနိုးလာတဲ့အခါမှာတော့ ငါ့အိပ်မက်တွေဟာ ကြမ်းပြင်ပေါ်မှာ ကွဲကြေသွားရှာပြီ

(chorus)

အို...ဘာလို့လဲ..ဘာကြောင့်များလဲ

ဘာကြောင့်ငါ့မဟုတ်ရတာလဲ

ဘာကြောင့်များ ငါတို့ဒီလိုဖြစ်လာရတာလဲ

အချစ်ရယ် ငါမင်းလိုအပ်သမျှဖြည့်ဆည်းပေးနိုင်ခဲ့တယ်ဆိုတာ မင်းသိပါတယ်

ဘာကြောင့်လဲ ဘာကြောင့်များလဲ

ငါမင်းကို ချစ်ချင်တယ်

ငါမင်းကို ဘယ်လောက်ချစ်တယ်ဆိုတာ မင်းသာသိခဲ့ရင်

ဒါပေမယ့် ဘာလို့ ငါမဟုတ်ရတာလဲ

သန်ဘက်ခါမှာလည်း ငါမင်းအနားမှာရှိနေဦးမှာ

မင်းလဲပြိုကျတိုင်း ကူညီဖေးမပေးဖို့ပေါ့၊ မင်းစိတ်ဓာတ်မကျစေဖို့ပေါ့

ငါတို့ဟာ ထာဝရ ငါတို့အချစ်က ဘယ်တော့မှ အဆုံးမသတ်ဘူးလို့ မင်းပြောတယ်နော်

ငါအဲဒါကို နားလည်ဖို့ကြိုးစားခဲ့ပေမယ့် အဲဒါကပဲ နားလည်ဖို့ ငါ့ကို အခွင့်အရေးမပေးနေဘူး

မင်းဟာ ငါ့စိတ်ကို ဘယ်တော့မှ နားလည်မှာလည်း မဟုတ်ဘူး

ငါ့ရဲ့ဝိဥာဉ်ဟာ အချစ်စစ်နဲ့ အထီးကျန်မှုတို့ကြားမှာ ပိတ်မိနေပြီး ဘယ်တော့မှ မလွတ်မြောက်နိုင်တော့ဘူးဆိုတာ သိလိုက်လို့ပါပဲ

ငါ့မျက်လုံးတွေကို မှိတ်လိုက်တဲ့အချိန်မှာ

အကြီးကျယ်ဆုံးဇာတ်လမ်းလေးတစ်ခုကြားရတယ်

ငါနိုးလာတဲ့အခါမှာတော့ ငါ့အိပ်မက်တွေဟာ ကြမ်းပြင်ပေါ်မှာ ကွဲကြေသွားရှာပြီ

အို...ဘာလို့လဲ..ဘာကြောင့်များလဲ

ဘာကြောင့်ငါ့မဟုတ်ရတာလဲ

ဘာကြောင့်များ ငါတို့ဒီလိုဖြစ်လာရတာလဲ

အချစ်ရယ် ငါမင်းလိုအပ်သမျှဖြည့်ဆည်းပေးနိုင်ခဲ့တယ်ဆိုတာ မင်းသိပါတယ်

ဘာကြောင့်လဲ ဘာကြောင့်များလဲ

ငါမင်းကို ချစ်ချင်တယ်

ငါမင်းကို ဘယ်လောက်ချစ်တယ်ဆိုတာ မင်းသာသိခဲ့ရင်

ဒါပေမယ့် ဘာလို့ ငါမဟုတ်ရတာလဲ

ငါတို့ဘယ်လောက်အထိ သွားနိုင်တယ်ဆိုတာ

မင်းဘယ်တော့မှ သိမှာမဟုတ်ဘူး

ငါတို့ဘယ်လောက်အထိ သွားနိုင်တယ်ဆိုတာ

မင်းဘယ်တော့မှ သိမှာမဟုတ်ဘူး

(chorus x2)

ငါမင်းကို ချစ်ချင်တယ်

ငါမင်းကို ဘယ်လောက်ချစ်တယ်ဆိုတာ မင်းသာသိခဲ့ရင်

ဒါပေမယ့် ဘာလို့ ငါမဟုတ်ရတာလဲ

See more
Enrique Iglesias more
  • country:Spain
  • Languages:English, Spanish, Portuguese, Italian+6 more, French, English (Jamaican), Hebrew, Romanian, Arabic, Turkish
  • Genre:Dance, Latino, Pop, R&B/Soul
  • Official site:http://www.enriqueiglesias.com/
  • Wiki:https://es.wikipedia.org/wiki/Enrique_Iglesias
Enrique Iglesias Lyrics more
Enrique Iglesias Featuring Lyrics more
Enrique Iglesias Also Performed Pyrics more
Excellent Songs recommendation
Popular Songs
Copyright 2023-2024 - www.lyricf.com All Rights Reserved